Myanmar Advertising Directory

           Welcome to the Myanmar Advertising Directory, the only business and information directory devoted to advertising. Find quality advertising agencies, media owners, graphic designers, photographers, printers, internet and web designers. Everything you need to know about the advertising business in Myanmar is right here.


အသံကြော်ငြာ

           ယခင်က ရန်ကုန်မြို့၏ စီးတီးအက်ဖ်အမ်သာ မိုနိုပိုလီ လုပ်ထားနိုင်ခဲ့ရာမှ မန္တလေးမြို့မှလည်း အက်ဖ်အမ်ရေဒီယို ထုတ်လွှင့်ခဲ့ခြင်းကြောင့် ကြော်ငြာစရာ နေရာသစ်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။ မန္တလေးမြို့မှ ထုတ်လွှင့်ခြင်းဖြစ်သော်လည်း ရန်ကုန်မြို့၌လည်း အချိန်ပိုင်းအားဖြင့် (နံနက် ၈ နာရီမှ ညနေ ၅ နာရီ အထိ) ဖမ်းယူနိုင်သဖြင့် ကြော်ငြာရှင်တို့အနေဖြင့် မိမိကြော်ငြာကို မန္တလေးမြို့ အတွက်သာမက အခြား နေရာများအတွက်ပါ ကြော်ငြာပျံ့နှံ့သည့် အကျိုးထူးကို ရရှိခဲ့ကြပေသည်။

ဂျာနယ်ကြော်ငြာ

           ဂျာနယ်များ အများအပြားထုတ်ဝေခဲ့သဖြင့် ဂျာနယ်ကြော်ငြာရေစီးကြောင်း ဖြစ်ထွန်းခဲ့ပြီး အရည်အသွေးပိုင်းနှင့် တင်ဆက်မှုပိုင်းတွင် သာလွန်ကောင်းမွန်သော ဂျာနယ်များအနေဖြင့် ပုံမှန်ကြော်ငြာရှင်များ ရရှိခဲ့သည်ကို တွေ့ရသည်။ အိမ်ခြံမြေလိုင်း၊ အားကစား(ဘောလုံး) လိုင်း၊ အလုပ်အကိုင်ရှာဖွေမှုလိုင်း စသဖြင့် သီးသန့်လိုင်းတစ်လိုင်းအဖြစ် တည်တည်တံ့တံ့ရပ်တည်နေသောဂျာနယ်များလည်း ခိုင်ခိုင်မာမာ ရှိနေပြီ ဖြစ်သဖြင့် ကြော်ငြာရှင်တို့အနေဖြင့် မိမိလုပ်ငန်းနှင့် အပ်စပ်သည့်လိုင်းကို ရွေးချယ်ပြီး ကြော်ငြာ၍ ရသွားစေပေသည်။

ရောင်စုံကြော်ငြာ

           စာနယ်ဇင်းကြော်ငြာတို့သည် အဖြူအမည်းထက် ရောင်စုံကြော်ငြာများကို ရွေးချယ် သုံးစွဲလာကြသည်ကိုလည်း သတိပြုမိပေသည်။ မိမိကြော်ငြာကို အဖြူအမည်းဖြင့်သာ ဖော်ပြခွင့် ရခဲ့သည့် နိုင်ငံပိုင် သတင်းစာတို့တွင်လည်း ရောင်စုံကြော်ငြာအချပ်ပို၌ ရောင်စုံကြော်ငြာနိုင်ကြပြီ ဖြစ်သည်။ ပုံနှိပ်ကြော်ငြာ အမျိုးအစားတွင် ပါဝင်သော လုပ်ငန်းလမ်းညွှန်စာအုပ်တို့တွင် တစ်အုပ်လုံး ရောင်စုံရိုက်နှိပ်ပေးသော လမ်းညွှန်များ ပေါ်ပေါက်လာခဲ့သည်။

တီဗီကြော်ငြာ

           ရုပ်မြင်သံကြားတွင် ပြည်ပမှ တင်သွင်းသည့် ကိုရီးယားဇာတ်လမ်းတွဲများသည် လူကြိုက်အများဆုံးဖြစ်နေဆဲရှိသော်လည်း ပြည်တွင်းဖြစ် တင်ဆက်မှုများလည်း နေရာရလာသည်ကိုတွေ့ရသည်။ ကြော်ငြာရှင် တစ်ဦးစ နှစ်ဦးစကို အမာခံထားပြီး စပွန်စာအဖြစ် ကျောထောက် နောက်ခံပြုကာ ရိုက်ကူးတင်ဆက်သည့် ရုပ်မြင်သံကြားအစီအစဉ်အချို့ အထူးတလည် အောင်မြင်မှု ရရှိလာသည်ကိုတွေ့ရသည်။
      ကြော်ငြာရှင်တို့အနေဖြင့် မိမိ၏ လုပ်ငန်းအမည်ထက် မိမိ၏ ကုန်ပစ္စည်းကို ရှေ့တန်းတင်ပြီး ကြော်ငြာလာကြသည်ကိုလည်း တွေ့ရသည်။ မိခင်ကုမ္ပဏီ၏ အမည်နှင့် အမှတ်တံဆိပ်ကို လူသိများဖို့ထက် ကုန်အမှတ်တံဆိပ်နှင့်အမည်ကို လူသိများဖို့ ဦးတည်ပြီး ကြော်ငြာလာကြသည်။ဘရင်းထူထောင်ခြင်းဟု ဆိုကြသည့် ကြောငြာများကိုတွေ့လာကြရသည်။